**အလိုရမ္မက်တွေက
တောင်ကျချောင်းလို
အသံပေးပြီး အရေးဆိုနေ ။
**ထားရာနေ
စေရာသွား
အနေအစားပျက်လို့ 
အဖြေအမှားထွက်ခဲ့ ။
**အသားမမက်
ငါး မမက်ပေမယ့်
အသွားထက်ထက်နဲ့ 
တရားပျက်ခဲ့တဲ့ ငါ ။
**တကယ်တမ်း...
ပစ်မှတ် နဲ့  ပစ်သူအကြား
မှားခဲ့ မိတာ...
ငါ ကိုယ်တိုင်လား...။
**သြော်.....
ပြောစမှတ်တွင်စရာ
တရားခံ ရှာဖို့
ငါဟာ...
ပစ်လွှတ် ခံခဲ့ရ...။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment