**မြစ်လောက်မှ မကောက်ကွေ့ ရင်
မြို့ လို့မခေါ်လိုက်ပါနဲ့တော့...။
**ရှိုက်ဖိုကြီးငယ်ဆန်ဆန် လမ်းမများ
လမ်းများအတိုင်း အကွေ့ လိုက်ပွင့်တဲ့ ပန်းများ
ပန်းများအတိုင်း အရောင်အသွေးစုံတဲ့ ဘ၀များ
ဘ၀များအတိုင်း ဖုန်ထူနေပူမှာ
ချွေးယိုစီးသံ တညံညံနဲ့ မြို့ လေး ။
**ငုံးဆူ လူမသိနဲ့
အငုံ့ စိတ်တွေ ငုံထားပြီး
သာယာပုံ အခင်းအကျင်းမှာ
ကာလာစုံ အသင်းအပင်းတွေဖွဲ့ လို့
သမိုင်းကောင်းတွေ အလံထူရင်း
စံနမူနာတွေကို အလေးထားတတ်တဲ့ မြို့ လေး ။
**အစားကြိုက်၇င်...အစား
ကန္နားကြိုက်ရင်...ကန္နား
တရားကြိုက်ရင်...တရားတဲ့
သူ့ ဆန္ဒနဲ့ လိုက်လျော်ချင်တဲ့အခါ
သူတကာကြိုက်ရင် အကုန်ပေးတတ်ပြီး
သူလိုချင်ရင်လည်း အကြိုက်တောင်းတတ်တဲ့ မြို့လေး ။
**မကြာမီ လာမည် ဆိုတာ
ဇော်လား...ကျားလား...ဘီလူးလား
အမှားအမှန်ဆိုတာ
ဘာနဲ့မှ ကျားကန်ထားလို့ မရမှန်းသိတော့
သရုပ် သဏ္ဍာန် အလွဲတွေတွေ့  ၇င်
မဟုတ်မခံပဲ ပွဲဝင်ကဖို့လည်း
အဆင်သင့်ဖြစ်နေတတ်တဲ့ မြို့ လေး ။
**သြော်...
သူ .နာမည်နဲ့ သူ ဗျုပ္ပတ် မိနေပြီး
သူ့ အသိ နဲ့ သူ ရွှင်ပြ
သူ့ ဓမ္မ နဲ့  သူ ရောင့်ရဲနေတတ်တဲ့ မြို့ လေးက
တစ်ခါတစ်ရံမှာတော့...
အသည်းကွဲရမယ်ဆိုလည်း ၀န်မလေး
သွေးအေးအေးနဲ့ ခေါင်းမာနေတတ်ပြန်ရော ။
**ကၠတၳိ ၀ကံၤ ၊ နဒီ ၀ကံၤ တဲ့
ပြီးတော့....
နာဂရ ၀င်္ကံ လား
မြို့ လေး ရေ...
ထာဝရ ရှင်သန်နိုင်ပါစေသား....။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment