**ဘ၀အဆက်ဆက် က
ဝေဒနာတွေကို စုပုံပြီး
ဒီနေ့  ရက်စွဲနဲ့  ကြေကွဲလိုက်ပါတယ်...။
**နာကျည်းချက်တွေနဲ့ ...
တစ်ဘ၀စာ လှောင်ကုန်မိနေတဲ့ ညနေသေတွေမှာ..
မျက်ရည်နဲ့  မှတ်တမ်းရေးခဲ့တဲ့ အလွမ်းများ
အခုထိ ဆေးထိုးဆေးသောက် ကြောက်တုန်း...။
**မတင်မကျ အဖြေတွေနဲ့ သောင်တင်ခဲ့ရတဲ့
ဆုတ်ဆုတ်ဆိုင်းဆိုင်း ကိုင်းညွတ်မှုများ
သွားလိုရာ ကြိုးဖြေ လွှတ်လိုက်ရင်း
သုည ဒသ၁မ နောက်က ပျော်ရွှင်မှုတွေနဲ့ 
ကမ်းက ခွာခဲ့ပြီ.....။
**ဆိုပေမယ့်....
စုပ်သပ်လိုက်ရုံနဲ့  ယူပစ်သလိုပျောက်ရအောင်
နှလုံးသားက ရွှံ့  နဲ့ လုပ်ခဲ့တာမှ မဟုတ်တာ ။
**တကယ်ပါ...
ဘ၀အဆက်ဆက်ကဝေဒနာတွေ စုပုံပြီး
ဒီနေ့ ရက်စွဲနဲ့  ကြေကွဲလိုက်ပါတယ် ။
**ဒီလို အချိန်မှာတော့...
ကိုသန်းလှိုင် သီချင်းတွေနဲ့ 
လူပျိုလှည့် ခဲ့တဲ့ အသီးအပွင့်များ
တခမ်းတနား ရင့်မှည့်နေကြပေါ့...။
**တစ်ခုပါပဲ...
ငါ့မနက်ဖြန်တွေဆီ..
တကျော့ပြန် ရုံဝင်လာမယ့်
သောကအဟောင်းများ....
ငါ့ နှလုံးသားနဲ့  ဝေးရာအရပ်မှာ
လွတ်လပ်စွာ လောင်မီးကျပါစေသား....။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment