**"စိတ်ဆိုတာ.....
တကန် တက လျှော်မှ
ဖြူတာ သားရဲ့" တဲ့...။
**ဟုတ်ကဲ့ပါ မေမေ
ဘ၀ က
သံသရာထဲမှာ ရစ်ထွေး
လောက ဒဏ်ရာ
အညစ်အထေးတွေနဲ့ 
အပွေးတက်နေတဲ့
ကျွန်တော့် အစ္ဈတ္တ...
အရေး ခက်နေတဲ့
ကျွန်တော့် ဘ၀ ကို
တောက်ပအော
င်လျှော်ပေးပါဦးမေမေ ရယ်...။
**အခုတော့လည်း...
ကျွန်တော့် ရဲ့ 
အလင်းရောင် မေမေ
စိတ်သခင် မေမေ
ခ၀ါသည် မေမေ
သက်တမ်းမရှည်
စောစောကြွေခဲ့တော့...
သားလေ....
မေ့မေ့ပြောတဲ့ စကားနဲ့ ဖြေ
မေမေ ဟောတဲ့ တရားနဲ့ 
နေရတော့မယ်ဲ မေမေရယ်....။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment