Thursday, November 22, 2012
ဝိဒေဟရာဇ် ပုတ်သင်များ
**အလှတွေ့ တော့... 
 ဘ၀ မေ့ခဲ့...။ 
**အဆင်သင့်တော့... 
 ဘ၀င် မြင့်ခဲ့...။
 **သြော်... သူ့ ခမျာလည်း 
 လည်ဆွဲ အလှ မ၀ယ်ပဲရတော့
 အခြားမဆို အကြွားပိုလို့ 
 နဂို မူလ ပြန်ဖြစ်ရ...။ 
**ထိုဥပမာ ရှုစရာကား
 လူ့ ရွာဓလေ့ ဥစ္စာမွေ့ ပုံ 
 တွေ့ ကြုံ မြင်သိ ဆင်ခြင်မိသော်...
 ရှိနေ အဖြစ် သရုပ်ထင်ရှားစွာ
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments: