**ခေတ်ဟောင်းမှ ခေတ်ဟောင်း
ကောင်းကောင်း မကောင်းကောင်း
အသွင်ပြောင်းမခံ
လှေ နံဓားထစ်
အလုပ် မဖြစ်...။
**ခေတ်ပေါ်မှ ခေတ်ပေါ်
အမြစ်ဖေါ် ရေလောင်း
ကောင်းကောင်း မကောင်းကောင်း
အဟောင်းမခံ...
အယူ သန်...။
**ပန်း မှန် လျှင်...
အနမ်းခံရဲတဲ့ သတ္တိ နဲ့ 
နွမ်း တဲ့ အထိ ရနံ့ ရှိတယ် ။
**မကြွေတဲ့ ပန်း
မနွမ်းတဲ့ ပန်း
ရနံ့ မပြယ်တဲ့ပန်း
အနုပညာ ပန်းတဲ့ မိတ်ဆွေ...
ကျုပ်တို့  ခင်ဗျားတို့ ...
အဟောင်းအသစ် မခွဲခြား
အကောင်းချစ် တဲ့ အစွဲများနဲ့ 
လက်တွဲ အားဖွဲ့  မြတ်နိုးဆက်စို့  ....။ ။
No comments:
Post a Comment