Tuesday, November 20, 2012

ဖြတ်လမ်း

**ခန္ဒာ..... 
 ဖြစ်ပျက် များစွာ
 ဘယ်ခါ မပြတ် ။

 **သံသရာ.....
 ခန္ဒာ များစွာ
 ဘယ်ခါ မရပ် ။ 

**ခန္ဒာအရှိ ၊ ဥာဏ်နှင့်ကြည့်လျက် 
 ရှည်ဘိသံသရာ ၊ လွတ်ကြောင်းရှာဖို့ 
 အသင်သူငါ ၊ မြင်တူစွာဖြင့် 
 သံသရာ့ကျွန် ၊ ခန္ဒာဝန် မှ
 လွန်ဆန်ရုံးထွက် နိုင်စေသား...။       ။

 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)

No comments: