**နာရီကို ကြည့်မိတော့...
လူသိရှင်ကြား အမုန်းတွေနဲ့ 
နိဂုံးချုပ်လိုက်ရမှာ စောလွန်းသေးတယ်။
**နာရီကို ကြည့်မိတော့...
တမျှော်တခေါ်ကြီးမဝေးပါဘူး
ငါ့ရဲ့  နောက်ကြောင်းပြန်ဇာတ်လမ်းမှာ
ကံထမ်းလာတဲ့ ခါးသီးမှုတွေက
ကိုယ့်ကြိုး ကိုယ် ဖြေကောင်းတုန်း ။
**နာရီကို ကြည့်မိတော့...
ဘ၀ နဲ့ မလွတ်လို့ နှလုံးသားကို
နေရာရွှေ့ ထားရတဲ့ အကြိမ်ကြိမ်ထဲက
မေတ္တာတရားရဲ့  မြစ်ကူးချောင်းခြားမှာ
ကြည်နူးစရာ တို့  ခေါင်းပါးခဲ့ရ ။
**ကောင်မလေး ရေ.....
မတိုက်ဆိုင်တဲ့ အဆုံးဖြစ်ပါစေဦးတော့
အရာရာ ငွေအဓိက ဆိုတဲ့ ၀ါကျတွေ
နိမိတ်ကြီးလေးပါး ရဲ့ နောက်....
မဟာ ဂရုဏာရှင်တွေ ရဲ့ နောက်...
သစ္စာလေးပါး ရဲ့ နောက်...
အစောဆုံး.....
စတုတ္ထ လောက်မှ ပန်းဝင်ပါလိမ့်မယ်ကွဲ့  ။
**နာရီကို ကြည့်မိတော့...
ခြေလွတ်လက်လွတ် ရှုံးနိမ့်မှုတွေနဲ့ 
အမျှော်ပျိုးသူတို့ ရဲ့  ချုပ်ညရီပေါ့
ငါ့မှာ သာ.....
အချစ်တွေပျောက်မှာစိုးလို့ 
တစ်ည သုံးခါလောက်ဆင်းဆင်းလွမ်းနေတာ ။
**နာရီကို ကြည့်မိတော့...
အချစ်နဲ့ အမျှ ကျသင့်သလောက်
အတိအကျ လွမ်းတတ်လွန်းတဲ့
ငါ့ မှာ သာ....
မိုးပြို ရာ ကမ္ဘာအတည်မှားသလို
မချိစိတ်ဝမ်း...မငြိမ်းချမ်းနေရတာ.....။ ။
No comments:
Post a Comment