**ဆရာ..........
နာများစွာနဲ့
တစ်နေ့  တစ်လံ
အဖြည့်ခံနေ....။
**နောင်တစ်သက်မှာ
အရောင်ထွက်ကာ
ပြောင်လက်စွာနဲ့
တပည့်အများ
တကယ့်ဓါးဖြစ်ရေး
အလျားလေးမှောက်
ဓါးသွေးကျောက်လို....။
**လမ်းကောင်းအမှန်
ပန်ကောင်းပန်ဖို့ 
မာန်များစွာနဲ့  ခရီးဆက်
သွေးမပျက်တဲ့ မေတ္တာရှင်.....။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment