& တကယ့်နွေထဲ မှာတောင်...
မိုးတပြိုက် နှစ်ပြိုက် သောက်စို့ ရုံနဲ့ ....
ပိတောက်တွေ အပြိုင်းအရိုင်း ပွင့်သေးတာ...။
& အကြည့်ချင်း မဆုံတာနဲ့ ...
ခြေလှမ်းမှားကြကြေး ဆိုရင်...
နေ နဲ့  လ ကိုသာ...
အနီကတ် ပြလိုက်ပါလေတော့...။
& ငါ့နှလုံးသား မာကျောမှု အဆင့်...
က ကြီး ခ ခွေး....
မင်းပေးနေတဲ့ သင်ခန်းစာတွေက
ရင်ဘတ် မဆန့် တော့ ဘူး ...။
& ဟောဒီ နှလုံးသားထဲမှာ....
ပွက်ပွက်ဆူအောင် လောင်ကျွမ်းပြီးမှ...
လျှံကျ လာတဲ့ အ လွမ်းတွေနဲ့ ပါ ...။
& ယုံပါ....
တစ်ညတာ အတွက်...
ကျောတခင်းစာ အတွက်....
ချစ်ခြင်း မေတ္တာ ကို....
မဖွဲ့ သီ ခဲ့ရိုး အမှန်ပါ...။
& တကယ်ဆို....
အဲသလို ခဲမှန်ထိခဲ့တဲ့ ...
အိပ်မက်တွေ အတွက်တော့....
ညတာ ရှည် ရက်တွေ ဟာ...
အဆုံးသတ်ဖို့ ခက်တဲ့....
အခန်းဆက် ကျိန်စာ တွေသာ ဖြစ်ခဲ့ရ....။ ။
တမာမြေ ဖြိုးဝေ
No comments:
Post a Comment