Saturday, March 21, 2015

လတ်ဆတ် ဆဲ အလွမ်းများ

**အမှတ်မထင် ခလုတ်တိုက်မိလို့ တောင်...
    ကန်ထုတ် မပစ်ရက်လောက်အောင်...
    သောက ပရိဒေ၀ တွေ အခန်းဆက် ဆန်ပုံက...။

**တစ်နေ့ ဒုက္ခ လည်းမဟုတ်....
    အလွမ်းဓါတ်ခံ ကြီးသူတို့ ရဲ့ ....
    နှလုံးသား ရပ်ဝန်းဆီ လောင်တဲ့မီး....
    က္ကုနြေ္ဒ ကြီးကြီး ပြာကျနေပုံက...။

**သို့ လော...သို့ လော......
   ဆူး ရံခ မေးခွန်းထောင်ချောက်တွေ တကားကား...
   (၉၆)ပါး မက ပွင့်လိုက်ကြပုံက...။

**အချိုရောင်တွေနဲ့  ပြောင်လက်နေတဲ့...
   ကတိက၀တ် မီးကျိုးမောင်းပျက်များ...
   လောင်စာတွေ ခမ်းလို့ တောင်...
   အစွမ်းကုန် တောက်စားကြပုံက...။

**နေ့ ရက် အချိန်ကာလတွေက....
   သင်္ချာ ဆန်ဆန် စီးကြောင်းထဲ မျောပါလို့ ...
   ငါလည်း....ထို့ အတူ....
   သမုတိ သညာ အသစ်တွေနဲ့  တောကစားရင်း...
   ငါ့သက္ကရာဇ်တွေ ဆွေးမြေ့လွယ်ပုံက...။

**ဒီလို အချိန်မှာပဲ....
   စာချုပ်စာတမ်းတွေထက် လတ်ဆတ်တဲ့...
   ညနေစာ အလွမ်းများနဲ့ ...
   အလျားကျယ် ဥခေါင်းထဲ...
   အမှတ်မထင် ကန်သွင်းလိုက်တော့...
   ဆန်မရှိပဲ မီးခိုးထွက်ချင်တဲ့ ဆန္ဒများ...
   လှိုင်းမပုတ်ပဲ လန့် ပျံ သွားလေရဲ့ ........။        ။

                     တမာမြေ ဖြိုးဝေ
 

No comments: