**ဓါတ်မီး တစ်လက်
အထားမှားခဲ့ရင် ရှာဖို့ ...
နောက်ထပ်...
ဓါတ်မီး တစ်လက် လိုမယ်။
**မျက်မှန် တစ်လက်
အထားမှားခဲ့ရင် ရှာဖို့ ...
နောက်ထပ်...
မျက်မှန် တစ်လက် လိုမယ်။
**လက်ကိုင်ဖုန်း တစ်လုံး
အထားမှားခဲ့ရင် ရှာဖို့ ...
နောက်ထပ်...
လက်ကိုင်ဖုန်း တစ်လုံး လိုမယ်။
**အချစ် တစ်ခု
အထားမှားခဲ့ရင် ရှာဖို့ ...
နောက်ထပ်...
အချစ် တစ်ခု လိုမလား။ ။
တမာမြေ ဖြိုးဝေ
No comments:
Post a Comment