Wednesday, March 4, 2015

ဝိပါက လောင်စာ

++တစ်နေထွက် မှ တစ်နေ၀င် 
 တစ်နေ၀င် မှ တစ်မိုးသောက်
 မခေါ်ပဲ ရောက်ရောက်လာတဲ့ 
 လောကဓံတွေ က... 
 ခြေနင်းကြမ်းကြမ်း မြင်းရိုင်းဆန်ဆန်...။

 ++အို...ကံတရား...
 ငါ့ အား ဘာနေ့ သားလဲ 
 မေးစမ်းပါအုန်းလော့...။ 

++အို..ဥာဏ်တရား...
 ငါ့ အား အလင်း ပွင့်ရာ... 
 စေညွှန်းပါအုန်းလော့...။

 ++အခုတော့လည်း...
 ချစ်ခြင်း မုန်းခြင်း နဲ့ 
 မိုက်မဲခြင်းတွေ အကြား
 သွားကြားညပ်သလို
 စိတ်အထားအသို 
 မတတ်သေးလေတော့...။ 

++(၃၁)ဘုံလုံးလောင်တဲ့
 (၁၁)မီးတွေ ထဲ
 အချည်းအနှီး လောင်စာအဖြစ်
 ငါ့ ကို ငါ ပစ်သွင်းမိပြန်ပေါ့...။    ။

 တမာမြေ ဖြိုးဝေ

No comments: