Saturday, March 21, 2015

ဒုတိယမြောက် မှားယွင်းမှု

& စာမတတ် ကျမ်းကြေ နှုတ်ခမ်းတွေအောက်...
   ဘယ်နှရာသီ လောက် ကျောက်ချနေရမလဲ...။

& အသစ် အဟောင်း စုံလင်...
   ဖြစ်ကြောင်း ကုန်စင် မှာ....
   သူ ပါဝင်ဆင်နွှဲ ခဲ့တဲ့ အကြောင်း...။

& သူ့ ရဲ့ ဆင့်ပွား စေတနာတွေနဲ့ ...
   ကစဥ့်ကလျား ကမ္ဘာမြေ ကို...
   ဆွဲတင် ဆယ်မ နေတဲ့ အကြောင်း...။

& သူ့ ရဲ့  မြေကြောရှုံ့  ကွန်ယက်တွေက...
    ပင့်ကူ လက်တွေ ထက် အဆရာထောင်...
    များမြောင်လှတဲ့ အကြောင်း....။

& သူတကာ ထူးချွန်မှုကို လက်ခံပြီးမှ...
    ဘယ်နေရာမှာ...
    သူ့ ကို မမီသေးတဲ့ အကြောင်း...။

&  အဲသလို...စကားလုံးတွေနဲ့ ...
    ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းတစ်စုံက...
    ရေတံခွန်လို အဆီးအတား မဲ့ လျှံကျလာတဲ့...
    ကိုယ်ရည်သွေးပြကွက်တွေက...
    တကယ်တမ်းကျတော့...
    မြင်ကွင်းကျယ်သလောက်....
    အသံ မပီ ရုပ်မကြည်  တွေနဲ့ ....။

&  သြော် ...သူပြောနေတဲ့ သူ့ အကြောင်း...
    ခြောက်ပြစ်ကင်းအောင် ကောင်းလွန်း၇ဲ့ ...

&  ခြုံငုံ သုံးသပ်မိလေတော့...
    စာမတတ် ကျမ်းကြေ နှုတ်ခမ်းတွေအောက်....
    ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ မိတာကိုက....
    လူဖြစ်ခဲ့ ရခြင်းရဲ့ နောက်....
    ငါ့ ရဲ့  ဒုတိယမြောက် မှားယွင်းမှု လေလား.....။     ။

                        တမာမြေ  ဖြိုးဝေ

No comments: