Saturday, March 21, 2015

လောင်းကြေး

**မနက်တစ်ထပ် ညတစ်ထပ်...
   ထမင်းနပ်မှန်အောင် စားနေကြပေမယ့်...
   တကယ်ကြီးထွားလာတာ....
   အဂတိ တရားတွေလား...။

**ဒီလို ရာသီ မှာ...
   တွင်တွင်ကျယ်ကျယ် သုံးနေတဲ့...
   ပဋိသန္တာရ အပြုံး ဆိုတာကိုရော...
   စိတ်ဒုန်းဒုန်းချ ယုံလိုက်ရလို့  ရပြီလား...။

**လောဘ ဆန္ဒ ကျယ်ပြောသမျှကို...
   သွေးသားတောင်းဆိုမှုလို့ ...
   နှုတ်ခမ်းတွေပေါ်မှာ စာတမ်းထိုးရင်...
   ခွန်အားသုံး အနိုင်ယူမှုတွေအောက်မှာ...
   လုံးပါးပါး ပြားပြားဝပ်ရတော့မလား...။

**ဥတု ရာသီ တွေ...
   ဖောက်ပြန်ပျက်စီးလာတာ...
   သူ့ အကိုးအကားနဲ့ ခိုင်လုံလို့ ပဲလို့ ...
   အသာတကြည် အရှုံးပေးရတော့မလား...။

**ကမ္ဘာ ကြီး က ခပ်တည်တည် ပဲ...
    ရူးချင်ဟန်ဆောင်ရင်း တကယ်ရူးသွား...
    ငါတို့ ကိုယ်တိုင်တွေကရော...
    ဘ၀တစ်ခုလုံးကို ပုံအပ်လို့ ...
    ရှုံးမယ့်ဘက် မှာ အကျအန ထိုင်ရင်း...
    အသေအချာ လောင်းကြေးထပ်ခဲ့မိပြီလား...။         ။

                           တမာမြေ ဖြိုးဝေ

No comments: