Wednesday, March 4, 2015

မေ့ထားချင်တယ်

++အဖေါ်အလှော် 
 အသိုက်အမြုံ နဲ့ 
 ပတ်ဝန်းကျင်တွေ က
 ပုံဖေါ် ဖန်ဆင်း
 ငါ့ခန္ဒာ ငါးပါး ကို 
 စိတ်ကြိုက် မောင်းနှင် လို့ ...။ 

 ++ဝေဟင်မှာ ဖြစ်ဖြစ်
 ရေပြင်မှာ ဖြစ်ဖြစ်
 အရုပ်ရေးရသလိုမျိုး
 ငါ့ဆန္ဒတွေ 
စိတ်ကူးတွေက
 အနာဂတ်နဲ့ ဝေးရာမှာ 
 တိတ်တဆိတ်
 မကြာမကြာ 
 ပြို လဲခဲ့ရတဲ့ နေ့ ရက်များစွာ...။ 

++အဆင်းခက်ခက် 
 အတက်ကြမ်းကြမ်း
 နိမ့်တုံ မြင့်တုံတွေနဲ့ 
 ဘာဆိုဘာမှ ယုံစားလို့ မရတာ
 ဒါကို ဘ၀လို့ ဆိုခဲ့ရင် 
 တကယ်ပါ... 
ခဏ ပဲဖြစ်ဖြစ် 
 မေ့ထားပစ်လိုက်ချင်ပါရဲ့ ...။      ။

 တမာမြေ ဖြိုးဝေ

No comments: