Thursday, December 6, 2012

အဆာလွန် ၀ါကျများ

**ဖြေသိမ့်ခြင်း အတတ်နဲ့ ...
 ကျောက်ချ ရပ်နားခဲ့တာပါ
 မီးစိမ်း ပြတော့ လည်း...
 ဓါး တန်းလန်းနဲ့ မောင်းထွက် လိုက်ရုံပေါ့ ။

**အဆင်မပြေမှုတွေက...
 ကိုယ်နဲ့ ထိုက်သလောက်
 ရောက်ရောက်လာတတ်လွန်းတော့
 အလိုက်တသိပဲ...
 ကမ်းပြိုပေးလိုက်ရတယ် ။

**ကိုယ့်ဝမ်းနာ နဲ့ ကို ဆိုပေမယ့်
 သူများအညှာကို ချိုးဖို့ထိတော့...
 ငါ့အတ္တတွေ...
 အဆိပ်မလူးခဲ့ရိုးအမှန်ပါ...။

 **ပြီးခဲ့ တာတွေ...
 မေ့ပစ်ပါတော့ ဆိုတာ လွယ်ပါတယ်...
 တစ်ဘ၀ စာ
ဒဏ်ရာဒဏ်ချက်တွေနဲ့ တော့
 ရှေ့ကို ဘယ်လိုဆက်ရမလဲ...။

 **ဖြစ်ချင်ရာ ဖြစ်စေတော့ ဆိုပြီး
 ဖုတ်ဖက် ခါ ထွက်သွားမယ် ကြံပြန်တော့...
 အခုအထိ...
စကားတွေ ကုန်အောင်ပြောပြီးလို့ တောင်
 ကိုယ့် ဘက် က...
 ဖုန်း အရင်မချတတ်သေးဘူး.....။     ။

 တမာမြေ ဖြိုးဝေ

No comments: