Thursday, December 6, 2012

အာရပ် ကမ္ဘာ က မျက်ရည်မြစ်

**မျှော်လင့် ခဲ့တဲ့အတိုင်း...
 မရောင့်ရဲတတ်တဲ့ ရင်ဘတ် နဲ့ 
 လက်ပေါက်ကပ် တဲ့ အမှောင်ညတွေ
 သူမရှောင် ကိုယ်မတိမ်း
 ဦးနဲ့ မတိုက် ပဲ့ နဲ့ တိုက်ကြတယ်...။ 

**မြင်ကွင်းက...
 သမီး၇ည်းစား ချိန်းတွေ့ တာလည်း မဟုတ်
 တယောထိုးနေတာလည်း မဟုတ် 
 ပန်းနဲ့ ပေါက်နေတာလည်း မဟုတ် 
 ငြိမ်းချမ်းရေး ကို ခြေနဲ့ ဖျက်နေကြပုံ...။ 

**ဟိုတစ်ဖက် စာမျက်နှာမှာတော့... 
 ကမ္ဘာမြေ ကို ဖြန့် ခင်း
 အရေအတွက်တွေနဲ့ စီးနင်းမယ့် မာယာ
 သူ့ သီချင်းမှာလည်း ဒုက္ခသစ္စာ မပါ...။ 

**ဒေသစံတော်ချိန်... 
 နေ ထန်းတစ်ဖျားခန့် ... 
 ရေပြင် က ရေပြင် အတိုင်း 
 ကောင်းကင်မှာ တိမ်နဲ့ မီးခိုး ကြိတ်ကြိတ်တိုး 
 မြေပြင်မှာတော့..
အတ္တနဲ့ သွန်ခဲ့တဲ့
 အင်န်နောဆင့် သွေးတွေ ဖွေးဖွေးလှုပ်...။

 **သူ့ အလိုလို...
 မိုပြိုခဲ့တယ် ဆိုပါဦး... 
 သူ့ အသိုက်ကို လော်မာခဲ့တဲ့ နံနက်ခင်း 
 နှင်းတွေက မဝေ့ တဝေ 
  မနွေ့  တနွေ နွေထဲက 
 ကြွေခဲ့ ရတဲ့ ပန်းတွေရဲ့ အဖြစ်
 အာရပ်ကမ္ဘာ က......
 မျက်ရည်မြစ်များအတွက်
 အဖြူစစ်စစ် မေတ္တာတရားတွေနဲ့ ...
 အပြစ်ရှိသူတွေလည်း ချမ်းသာကြပါစေ...။
 အပြစ်မရှိသူတွေလည်း ကျန်းမာကြပါစေ.....။      ။ 

 တမာမြေ ဖြိုးဝေ

No comments: