Tuesday, December 11, 2012

တန်းဆင်းဇုန်

**ဗဟိဒ္ဓ အဝေးကွင်း အားပျော့ပြီး
 အစ္ဇျတ္တ အိမ်ကွင်း ညံ့ဖျင်းတယ် ။

 **၀မ်းရေး နဲ့  အကြိတ်အနယ်... 
 လောကဓံ နဲ့  အကြိတ်အနယ်... 
 လောကသုံးပါးနဲ့ အကြိတ်အနယ်...
 ခန္ဓာ ငါးပါးနဲ့ အကြိတ်အနယ်... ။

 **အကြိတ်အနယ်ပေမယ့်...
 သိပ်မလွယ်...
 ကိုယ့်ဘက်မှာ.. 
 ဒဏ်ရာရ ပွဲပယ် များလွန်းတယ် ။ 

**အခုအထိ...
 ငါနဲ့ ငါ သာ နှိုင်းစရာ
 ဗလာနတ္တိ ဘာမှမရှိ 
 အပါယ်ဘေး လည်း စိတ်မအေးရသေး...။

 **သြော်...
 အနှစ်လေးဆယ်ကြာ 
 ငါ လုပ်နေတာ ဘာတွေပါလိမ့်
 ငါရှာနေတာ ဘာတွေဘာလိမ့်...။ 

**ဒီလိုနဲ့ ...
 ရာသီကုန်လုပေါ့...
 တန်းဆင်းဇုန် မလွတ်သေး...။     ။

 တမာမြေဖြိုးဝေ

No comments: