**မုသား လွတ်ရုံ ရွာတဲ့မိုးနဲ့ 
ရေချိုးလိုက်ရလို့လည်း...
ဘ၀တစ်ခုလုံး...
စိုရွှဲ သွားမှာမှ မဟုတ်တာ။
**လောကဓံ အခက်အခင်းတွေက
တိမ်သလ္လာ ဆန်ဆန်...
အတည်ကြံ ပုံတော့ မရ...။
**ဟော ဟို မှာ...
နဖူးပေါ် လက်တင်ဖွယ်ရာ ၀ိရောဓိ
အဆန်ချောင် မာယာ သစ်သီး
အချည်းနှီး တောက်စားမှုနဲ့ 
(၆)လမ်းသွား (၈)လမ်းသွား
လောကသစ္စာ ခပ်များများ...။
**ဒီမှာ...ဒီမှာ...
လွမ်းတိုင်းသော့ခတ်ထားတဲ့ ရင်ဘတ်ကို
တံခါးလာလာ ခေါက်တဲ့ ရှိုက်ဖိုကြီးငယ်များ...
တစ်ခါတစ်ရံ မှာတော့..
မိန်းမလှ တချို့ ရဲ့  ရွှေစင်ဆယ်တင်းဆိုတာ
သင်ဖျာ အောက်က ငွေစက္ကူတွေလို...
မှို နံ့  တွေ သင်းနေတတ်ပြန်ရော.....။ ။
တမာမြေ ဖြိုးဝေ
No comments:
Post a Comment