Thursday, December 6, 2012

နယ်ရုပ်

**နှလုံးသားကျဉ်းတော့...
 ခေါင်းကလေး ရမ်းရုံနဲ့ 
 အလွမ်းတွေ ပြည့်သွားတယ်...။

**ဘ၀ မှာ...
 ဓါးမတုံးနဲ့ အမှုန်းခံရသလို
ပွယောင်းယောင်း နာကျင်မိတိုင်း
 ကံစီမံရာ လို့  ဖြေတတ်ပါသလား...။

 **သေချာပါတယ်...
 စေတနာတွေသာ သွန်ချရိုးမှန်ရင်
 အုန်လက်တွေကြား...
 ကြယ်ရောင်တွေ လက်မှာပေါ့...။

 **ခုတော့လည်း...
 ထွက်သက်ငင် လူနာတစ်ယောက်လို
ကိုယ့် သမိုင်းကိုယ် ရေးဖို့ 
 သူများ မျက်နှာ ပြေးပြေးမော့နေရ
 သူများ စိတ် နဲ့  ကိုယ့် ကိုယ်
 လိုသလို အသုံးတော် ခံလိုက်ရ...။

 **တကယ်တမ်း...
 ထိသင့်လို့ ထိတဲ့မြှား ဆိုရင်..
 မနှုတ်သင့် လို့  မနှုတ်တော့ပဲ
 စင်းစင်းသေ ပေးလိုက်ရုံ ပ...။

 **တွေးကြည့်မိတော့လည်း..
 အနက်ရောင်နဲ့  အဖြူရောင်
 နှစ်မျိုးပေါင်း မှ (၆၄)ကွက်
 ငါ့ အတွက်မှာသာ...
 စကြာဝဠာကြီး တစ်ခုပမာ
 ကျယ်လိုက်တာ မှ လွန်ပါလေရော.....။     ။

 တမာမြေ ဖြိုးဝေ

No comments: