&အကြောင်းအမျိုးမျိုးကြောင့်
လုံးဝိုင်းနေတဲ့ ကမ္ဘာပေါ်မှာ
ဒေသနာတွေက
ဖွေရှာနှောက်လောက်အောင်
ရှားပါးနေသလိုမျိုး....
စေတနာတွေလည်း
ခြေရာပျောက်လောက်အောင်
ရှားပါးနေလေရဲ့ ..................။
&သူတော်ကောင်းတရားနဲ့ 
လက်တစ်လုံးခြား ခွာခွာပြီး
၂၃ ၁/၂ ဒီဂရီထက် ပိုပြီး
တိမ်းစောင်းနေတဲ့ ကမ္ဘာမြေမှာ
ယက်ခပ် မကုန်နိုင်တဲ့ 
အတ္တ မာန တွေက......
ခပ်တည်တည်ပါပဲ....
သူများနှာခေါင်းနဲ့ အသက်ရှူလို့ 
သူများ ပါးစပ်နဲ့ လေချွန်လို့ 
သူများနားနဲ့  တရားနာလို့ 
ပြီးတော့....
သူများဗိုက်နဲ့  ဓါးထိုးခံအုန်းမယ် ။
&မကြာမတင်ကပါပဲ....
ရွာပြင်ရောက်အမှန်တရားတွေက
တဆင့်စကားနဲ့  လူကြုံပါးလိုက်ပါရဲ့ 
အိမ်မွေးတိရစ္ဆာန်တွေထက်
အခက်ချိုးဝါဒကို ပိုချစ်တတ်ပြီး
ဆိုင်းဘုတ်များလွန်းတဲ့
အိမ်တံစက်မြိတ် အောက်မှာ
တစိတ်လောက်မှ ခြေမချချင်တာ
သူဆိုနေကျ.......မူပိုင်တေးတစ်ပုဒ်ပါ..တဲ့...............။ ။
No comments:
Post a Comment