Sunday, January 6, 2013

အ၀ိဇ္ဖာ ပစ္စယာ.....

**သည်မြေရွာ အလာခရီးမှာဖြင့်
 သန္ဒေပါလာ တဏှာမီးတွေက
 ရှာမှီးကာ တမြေ့မြေ့ လောင်လို့  
 အမှောင်မသိပဲ ပျော်ခဲ့တယ်...။ 

**ကျင်လည်ရာ ဘ၀အမောတွေနဲ့ 
 ခင်တွယ် စရာ ဓနဇောကပ်လို့  
 မျောတတ်ရာရာ ၀င်္ကံပါထဲမှာလ
 မယှဉ်သာပဲလည်း ပျော်ခဲ့တယ်...။

 **ဆန္ဒ စေရာ စရိုက်အလွဲတွေနဲ့ 
 ကြံသမျှဖွေရှာ မိုက်မဲခဲ့ပါရဲ့ 
 အကြိုက်နည်းစွာ နေရာတစ်ခုပေမယ့် 
 ဖြေသာမှုနဲ့ ပျော်ခဲ့တယ်...။

 **ပုထုဇန လောကအလယ်မှာ 
 သောက နွယ်ပါစေ နဂိုအလှတွေနဲ့ 
 မောဟတွယ်ပါစေ မအိုကျစေဖို့ 
 အပျိုဘ၀သို့  အရွယ်သာတင်လည်း
 သူငယ်နာမစင် ပဲ ပျော်ခဲ့တယ်...။

 **သြော်...
 လျှောက်ခဲ့ရာ အပျော်ခရီးဆီသို့ 
 မရောက်ခဲ့ ရှာ မျှော်မနီးလေမှ 
 အော်...ညည်းကာ လိပ်ပြာစစ်လေတော့ 
 ထိတ်စရာ သိက္ခာ မသစ်တဲ့ အပြင်
 စိတ်မှာ အ၀ိဇ္ဖာ ညစ်တွေက 
 ကွယ်.... စူးနစ်လို့ လူး.......။      ။

 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)

No comments: